Saturday, June 1, 2019
ချန်ပီယံလိဂ်ဖလားကို ၆ကြိမ်မြောက် ဆုခူးခဲ့
ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ လီဗာပူး မက်ဒရစ်မြို့က All-English Final မှာတော့ လီဗာပူးက စပါးကို ၂ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ ပွဲချိန် ၁ မိနစ်မှာကတည်းက မာနေးရဲ့ကန်ချက် ဆစ်ဆိုခိုလက်ထိခဲ့လို့ လီဗာပူး ပင်နယ်တီရခဲ့ပြီး ဆာလာက ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ စောစောစီးစီး ဂိုးပေးလိုက်ရပေမဲ့ စပါးအသင်း ကစားပုံ ပျက်မသွားခဲ့ပါဘူး။ ဒါပေမဲ့ လီဗာပူးခံစစ်ကြောင်းက ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့လို့ စပါးတိုက်စစ်က လီဗာပူးဂိုးသမား အလစ်ဆန်ကို စမ်းသပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဟာရီကိန်းက ဘောလုံး ၁၁ ကြိမ်ပဲထိခဲ့ပါတယ်။ ရောဘတ်ဆန်ရဲ့ကန်ချက်ကို ဟူဂိုလိုရစ် ပုတ်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းမှာ စပါး ဂိုးထပ်မပေးခဲ့ရတာပါ။ ပထမပိုင်းမှာ ရေကူးဝတ်စုံဝတ်ဆင်ထားတဲ့ ရုရှားမော်ဒယ်တစ်ယောက် ကွင်းထဲကိုဝင်ပြေးလာပြီး သူ့ချစ်သူရဲ့ အပြာဝက်ဘ်ဆိုက်ကို ကြော်ငြာဝင်ခဲ့လို့ လုံခြုံရေးတွေ လိုက်ဖမ်းခဲ့ရတဲ့ဖြစ်ရပ်ကလည်း ရယ်အားထက် ငိုအားသန်ဖြစ်စေခဲ့ပါတယ်။ ဒယ်လီအလီရဲ့ ပွဲချိန် ၇၃မိနစ် ကန်ချက်က ဒီပွဲမှာ စပါးအသင်း ပထမဆုံး ဂိုးပေါက်တည့်တဲ့ကန်ချက်ပါ။ ပွဲချိန် ၈၀ မှာ ဟောင်မင်ဆန်ရဲ့ကန်ချက်ကို အလစ်ဆန် ပုတ်ထုတ်နိုင်ခဲ့သလို လူးကပ်စ်မိုရာရဲ့ကန်ချက်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာ အဲရစ်ဆင်ရဲ့ကန်ချက်ကို အလစ်ဆန် ပုတ်ထုတ်နိုင်ခဲ့သလို နောက်တစ်မိနစ်အကြာမှာ လူးကပ်စ်မိုရာ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ ဘောလုံးနဲ့မထိခဲ့ပါဘူး။ ပွဲချိန် ၈၇ မိနစ်မှာ ထောင့်ကန်ဘောကနေ စပါးအသင်းရှင်းထုတ်လိုက်တဲ့ ဘောလုံးကို မာတစ်ရသွားပြီး ဂိုးဧရိယာ ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ အိုရီဂီထံ ထိုးပေးရာမှာ အိုရီဂီက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့လို့ လီဗာပူး ဒုတိယဂိုးရခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျိုးမာတစ်နဲ့ ဘောလုံးယှဉ်လုရင်း လဲကျခဲ့တဲ့ ဟာရီကိန်းက ပင်နယ်တီတောင်းပေမဲ့ ကွင်းလယ်ဒိုင်က ပင်နယ်တီ မပေးခဲ့ပါဘူး။ မိနစ်ပိုင်းအကြာမှာ ဟာရီကိန်းရဲ့ကန်ချက်ကိုလည်း အလစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၅.၄ ရာခိုင်နှုန်းပဲရှိခဲ့တဲ့ လီဗာပူးဟာ ၂၀၁၀ ပြည့်နှစ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့တဲ့ မော်ရင်ဟိုရဲ့ အင်တာမီလန်အသင်းနောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနည်းပြီး နိုင်ပွဲရတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာ အသင်းအတွက် ချန်ပီယံလိဂ်ဖလား/ဥရောပဖလား ဆွတ်ခူးပေးနိုင်တဲ့ စတုတ္ထမြောက်နည်းပြ ဖြစ်လာပါတယ်။
မေတ္တာပိုအမျှဝေ
မေတ္တာပိုအမျှဝေ မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ ၃၁ ဘုံအတွင်း၌ ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

Subscribe to:
Posts (Atom)
ချန်ပီယံလိဂ်ဖလားကို ၆ကြိမ်မြောက် ဆုခူးခဲ့
ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ လီဗာပူး မက်ဒရစ်မြို့က All-English Final မှာတော့ လီဗာပူးက စပါးကို ၂ ဂိုးပြတ် အနို...
-
မေတ္တာပိုအမျှဝေ မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ ကမ္ဘာသူ ကမ္ဘာသားအာ...